Mohinga (မုန့်ဟင်းခါး) | Myanmar Street Food | Burmese Noodle Soup | Yangon | Myanmar

3 years ago
7

ကြားတာနဲ့ လျှာသပ်ရလောက်မယ့် မြန်မာရိုးရာအစားအစာအကြောင်း ပြောနေတာလား။ ဒါဆိုရင် မုန့်ဟင်းခါးအကြောင်းက မပါမဖြစ်ပေါ့။ မုန့်ဟင်းခါးဆိုတာ ဆန်ကိုအချဥ်ဖောက်လုပ်ထားတဲ့ မုန့်ဖတ်ကို ငါးနဲ့ချက်ထားတဲ့မုန့်ဟင်းရည်နဲ့တွဲဖက်စားရတဲ့ နာမည်ကျော် မြန်မာ့ရိုးရာအစားအစာတစ်ခုပါ။ စျေးနှုန်းချိုသာပြီး ချက်ရလွယ်ကူတဲ့ မုန့်ဟင်းခါးဟာ မြန်မာလူမျိုးတွေကြား အနှစ်သက်ဆုံးအစားအစာတစ်ခုပါပဲ။

လူမျိုးဘာသာမရွေး နေရာဒေသမရွေးစားသုံးနိုင်တာကြောင့် မုန့်ဟင်းခါးကို လူတိုင်းနှစ်သက်ကြပြီး ဆွမ်းကျွေးတွေ..မင်္ဂလာပွဲတွေမှာ ကျွေးမွေးကြသလို နာရေးတွေနဲ့ အလှူပွဲစတဲ့နေရာတွေမှာလည်း ဧည့်ခံကျွေးမွေးကြပါတယ်။

မြန်မာနိုင်ငံရဲ့ နေရာဒေသကိုလိုက်ပြီး မုန့်ဟင်းခါးချက်နည်းက ကွဲပြားကြတာကြောင့် နိုင်ငံအနှံ့ ဒေသအမျိုးမျိုးကို ခရီးသွားတဲ့အခါ မုန့်ဟင်းခါးအရသာအမျိုးမျိုးကို မြည်းစမ်းကြည့်လို့ရမှာပါ။

မုန့်ဟင်းခါးကို စားသောက်ဆိုင်တွေ..လမ်းဘေးဆိုင်တွေမှာလည်း ရောင်းချပေးသလို အထမ်းသည်တွေကလည်း ဆိုက္ကားပေါ်မှာ မုန့်ဟင်းရည်အိုးကို တင်ပြီး ရောင်းချပေးကြပါသေးတယ်။ အရသာရှိလှတဲ့ မုန့်ဟင်းခါးကို ကားမှတ်တိုင်တွေနဲ့ဆိပ်ကမ်းတွေ အနီးက စားသောက်ဆိုင်တွေမှာလည်း စျေးနှုန်းချိုသာစွာ တစ်နေကုန်ရရှိပါတယ်။

အရသာရှိပြီး အာဟာရပြည့်ဝတဲ့ မုန့်ဟင်းခါးကို မနက်စာပဲဖြစ်ဖြစ်..နေ့လယ်စာပဲဖြစ်ဖြစ်..ညစာပဲဖြစ်ဖြစ် အချိန်မရွေးစားသုံးနိုင်ပါတယ်။

မြန်မာ DUBnSUB အဖွဲ့ကလည်း ဒီအရသာကောင်းမွန်လှတဲ့ မုန့်ဟင်းခါးကို သွားရောက်စားသောက်ကြပြီး အချက်အလက်တွေ ရယူခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကျော်ကြား လူကြိုက်များပြီး အရသာရှိတဲ့ မုန့်ဟင်းခါးကို အားလုံးသိရအောင် ဗီဒီယိုလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Talking about lip-smacking Burmese traditional foods? How can we not talk about Mohinga? Mohinga is a very popular traditional food of Myanmar made from fermented rice noodles mixed with fish soup and condiments. A pocket-friendly dish and easy to cook – Mohinga, is the best-loved food among the people of Myanmar.
Regardless of race, religion, or region, Mohinga is well-liked by all and is offered as alms to monks, and served at wedding receptions, funerals, charities, etc.
The preparation style of this dish is different across every region in Myanmar and you will get to enjoy a varied taste of Mohinga as you travel across different regions of the country.
Mohinga is sold at restaurants, roadside stalls, and by street hawkers carrying around the Mohinga soup pots on their trishaw. This scrumptious dish is available the whole day at reasonable prices in restaurants, near bus stops, and ports.
A bowl of Mohinga is a delicious, nutrition-packed wholesome meal that is excellent to be consumed at any time of the day – breakfast, lunch, or dinner!
The team at DUBnSUB Myanmar went out to enjoy this wholesome meal and gathered all the information around it. We have made a short video to inform you about this very delicious and popular dish of Myanmar. We hope you will like it!

Loading comments...