Premium Only Content
ဘယ်လောက် အချိန်ဖြုန်းခဲ့ပြီးပြီလဲ | NarrYuPar
ဘယ်လောက် အချိန်ဖြုန်းခဲ့ပြီးပြီလဲ | NarrYuPar
၁ ရာခိုင်နှုန်းသော လူတွေသာ အောင်မြင်ရတဲ့ အကြောင်းအရင်း
==========================
အသိဥာဏ်ထက် အာရုံစူးစိုက်တာဟာ ပိုပြီးတန်ဖိုးရှိလှတဲ့ ကမ္ဘာကြီးမှာ ကျွန်မတို့တွေ နေကြတယ်။
သင်တို့တွေ တစ်နေ့မှာ ဘယ်နှစ်နာရီလောက် အချိန်ဖြုန်းခဲ့ပြီးပြီလဲ။
တစ်ပတ်မှာရော ဘယ်နှစ်နာရီလောက် အချိန်ဖြုန်းခဲ့ပြီးပြီလဲ။
သမားရိုးကျအဖြေကိုပြောရမယ်ဆိုရင် တစ်နေ့ကို လေးနာရီကနေ ခြောက်နာရီလောက်ပေါ့။
စာကို ထိထိရောက်ရောက်မလေ့လာဘဲYoutube ပေါ်မှာ ကြုံရာကျပန်း ထိုင်ကြည့်နေတာမျိုး အဲ့ဒါမျိုးတွေနဲ့ပဲ တစ်နေ့ကို အချိန် ၄ နာရီလောက်
ကုန်ဆုံးနေတတ်ကြတယ်။ အဲ့လိုဆိုရင် တစ်ပတ်ကို အချိန် နာရီ ၂၀ ကနေ ၂၅ နာရီလောက် ဖြုန်းတီးမိကြမယ်။
တစ်လကို နာရီပေါင်း ၁၀၀ ဖြုန်းတီးမိမယ်။ ကမ္ဘာပေါ်က အောင်မြင်ထင်ရှားနေတဲ့ လူတွေကို ကြည့်လိုက်မယ်ဆိုရင်
ကြီးကြီးမားမား ကွဲပြားခြားနားတဲ့နည်းလမ်းတွေနဲ့ သူတို့အလုပ်လုပ်နေကြတာကို တွေ့ရမှာပါ။
ကမ္ဘာတစ်ဝန်းမှာ စိတ်ကူးဥာဏ်ကောင်းကောင်းနဲ့ အောင်မြင်ဖြစ်ထွန်းနေကြတဲ့သူတွေဟာ တစ်ခြားအာရုံတွေရဲ့ဆွဲဆောင်ရာ နောက်လိုက်ပြီး
တန်ဖိုးရှိတဲ့ အချိန်တွေကို မဖြုန်းတီးကြပါဘူး။
သူတို့တွေက အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်ကြတယ်။ အလုပ်လုပ်ချင်ယောင်ဆောင်နေတာမဟုတ်ဘူးနော်။
တကယ်အစစ်အမှန်အလုပ်လုပ်ကြသူတွေပါ။တကယ်လို့ သင့်ရဲ့ဘ၀ကို သင်မျှော်မှန်းထားသလောက် ဖြစ်မနေဘူးဆိုရင်တော့
သင့်ကိုယ်သင် ပြန်မေးသင့်နေပါပြီ။ သင့်ရဲ့အရှေ့ကိုရောက်လာတဲ့ အခွင့်အလမ်းတွေကို ဖြုန်းတီးပစ်နေတာတွေ ရပ်တန့်လိုက်ရင် ဘာဖြစ်လာမလဲပေါ့။
သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းထက် ပိုပြီး ဘယ်လောက်ထိ လုပ်နိုင်မလဲဆိုတာ သင်ကိုယ်တိုင် ကောင်းကောင်းကြီး နားလည်ထားပါတယ်။
ကိုယ်လုပ်နိုင်စွမ်းထက် ၁၀ ဆလား၊ အဆ ၂၀လား သင်ကိုယ်တိုင်နားလည်ထားမှာပါ။
ကိုယ်လုပ်နိုင်စွမ်းအပေါ် ယုံကြည်ချက်ရှိရှိ လုပ်ဆောင်ပါ။
ပတ်ဝန်းကျင်ရဲ့ အမြင်ကြောင့်၊ မိဘတွေရဲ့ စိတ်ဆန္ဒကြောင့် ကြိုးစားနေရတာမျိုး မလုပ်ပါနဲ့။
သင့်ရဲ့ကြိုးစားမှု၊ သင့်ရဲ့လုပ်ဆောင်မှုက သင်ကိုယ်တိုင်နဲ့ သင့်အတွက်လို့ပဲ စိတ်ထဲမှတ်ယူထားပါ။
ဘယ်သူ့အတွက်ကြောင့်၊ ဘာအတွက်ကြောင့်မှမဟုတ်ဘူး အတတ်နိုင်ဆုံး သင့်ရဲ့ အစစ်အမှန်ပုံစံအတိုင်း နေထိုင်ပါ။
အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ သင်ဟာ စိတ်ဓာတ်တွေကျဆင်းပြီး လက်လျော့လာချင်စိတ်တွေ ပေါ်ပေါက်ကာ မပျော်မရွှင်နဲ့ နေထိုင်နေရမှာပါ။
ကျွန်မတို့တွေအားလုံးဟာ အကောင်းဆုံးအချိန်နာရီတွေမှာ အလုပ်တွေလုပ်ကြသလို အရေးပါတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။
ညအချိန်မှာတော့ ကျွန်မတို့တွေ ရုပ်ရှင်ကြည့်ပြီး အနားယူလေ့ရှိပါတယ်။
သုတေသနပြုလုပ်ချက်တွေအရ မနက်ပိုင်းအချိန်တွေဟာ သင့်အနေနဲ့ အာရုံအစိုက်နိုင်ဆုံးအချိန်တွေပါပဲလို့ ဆိုကြပါတယ်။
မနက်ခင်းအချိန်တွေဟာ စွမ်းအင်အရှိဆုံး၊ စိတ်ခွန်အားအတက်ကြွဆုံးအချိန်တွေပေါ့။
အဲ့ဒါကြောင့် ဒီအချိန်တွေဟာ ဆိုရင် သင့်အတွက် အကောင်းဆုံးအချိန်တွေဖြစ်လို့ အကောင်းမွန်ဆုံး အသုံးချလိုက်ပါ။
သင်ဟာ လူသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်က အောင်မြင်တဲ့ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ရမယ်လို့ ခေါင်းစဉ်တပ်ခွင့်မရှိပါဘူး။
သင် ဘောလုံးကစားသမားတစ်ယောက် ဖြစ်ချင်လား ကြိုးစားလိုက်၊ နာမည်ကျော် သရုပ်ဆောင် တစ်ယောက် ဖြစ်ချင်လား အကောင်းဆုံးကြိုးစားလိုက်
အဲ့ဒါကြောင့် ကိုယ်လုပ်နေတဲ့အလုပ်က ဘာပဲ ဖြစ်နေပါစေ ကိုယ်ကျွမ်းကျင်ရာ၊ ၀ါသနာပါရာ နယ်ပယ်မှာ အကောင်းဆုံးလုပ်ဆောင်ပြနိုင်ဖို့ပဲ လိုတာပါ။
ပရိသတ်ကြီးရေ ကမ္ဘာတစ်ဝန်းလုံးက လူပေါင်းမြောက်များစွာထဲမှာ လူအနည်းငယ်လောက်ပဲ အောင်မြင်နေကြတာက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။
အဓိကကတော့ အချိန်ကို စီမံခန့်ခွဲပြီး ကောင်းစွာ အသုံးချတတ်ဖို့က အရေးကြီးပါတယ်။
အောင်မြင်နေတဲ့လူတွေက အချိန်စီမံခန့်ခွဲခြင်းဆိုတဲ့ (Time Management)ကို ကောင်းကောင်းကြီး လုပ်ဆောင်နိုင်ကြသူတွေပါ။
အဲ့ဒါကြောင့် ပရိသတ်ကြီးတို့အနေနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ကြိုးစားတဲ့နေရာမှာ အချိန်ကို ကောင်းစွာစီမံခန့်ခွဲကြဖို့ တိုက်တွန်းလိုက်ပါရစေ။
#NarrYuPar #နားယူပါ YouTube Channel
https://www.youtube.com/channel/UCf9q1cBRE9AL1K7oPLL23UA
-
1:07:55
Bright Insight
14 hours agoThis Happened on the JRE Podcast...
145K103 -
34:52
MYLUNCHBREAK CHANNEL PAGE
21 hours agoThe Lost City
173K61 -
9:04
Tundra Tactical
13 hours ago $22.66 earnedTrump's AG Pick Pam Bondi is TROUBLE!
83.7K36 -
1:02:02
PMG
18 hours ago $12.71 earned"Man Films FBI Coming to His Home Over Alleged Social Media Posts - Jeremy Kauffman"
59.1K12 -
23:21
Stephen Gardner
1 day ago🔥Trump DISCOVERS exactly who BETRAYED Him!!
167K585 -
11:04
Silver Dragons
16 hours agoCoin Dealer Exposes the "German Silver" Scam & MORE
89.6K19 -
39:56
TampaAerialMedia
18 hours ago $18.03 earnedBeautiful VERMONT - 15 Towns & 7 Scenic Highways - Burlington, Woodstock, Brattleboro, & More
97.8K26 -
1:04:24
Tactical Advisor
21 hours agoBattlehawk Build Of The Month /Giveaway Winner | Vault Room LIVE Stream 009
165K41 -
2:51:26
I_Came_With_Fire_Podcast
1 day ago"Houska Castle: Gateway to Hell, Nazi Occultism, & Ancient Legends"
126K41 -
26:20
Degenerate Jay
1 day ago $11.19 earnedThe Best Transformers Movie? - Bumblebee Movie Review
92.6K12